ကန်ရေပြင်ဟာ မီးရောင်စုံတွေအောက်မှာ တောက်ပစွာ အရောင်လက်နေသည်။ ရေပွက်ကလေးတစ်ပွက် ပွက်လိုက်တိုင်း လှုပ်ရှားသွားသော ရေထဲမှ မီးရောင် လေးများဟာ အရောင်အဆင်းလှပစွာ လှုပ်ရှားလျှက်ရှိသည်။ ပူလောင်အိုက်စပ်လှသော ဒီလိုရာသီမှာ ရေပြင်ကို ဖြတ်တိုက်လာသော လေနုအေးလေးက သူ့ရင်ကို တိတ်တဆိတ် လာရောက်ရိုက်ခတ်နေသည်။ အိပ်တန်းပြန်ငှက်ကလေးများဟာ သူ့ကို ကြည့်ပြီး လှောင်ပြုံးပြံုးကာ ကြည့်သွားတယ်လို့ သူထင်နေမိသည်။ သူ့ကတော့ ကန်ရေပြင်ကို ကြည့်ရင်း လှုပ်ရှားနေသောစိတ်အစုံရဲ့ ကာရံတစ်ခုကို ရှာဖွေနေမိသည်။ ဒီကြားထဲတွင်မှ လေထဲတွင် ပျံ့လွင့်နေသော သီချင်းသံက သူ့ကို အတိတ်ဆီသို့ တွန်းပို့လျှက်ရှိသည်။
လေးဖြူရဲ့ စာမျက်နှာ တစ်ဆယ့်ငါး။ မတွေ့ရတာ အတော်ကြာပြီဖြစ်သော သူ့မျက်နှာလေးဟာ ကန်ရေပြင်တွင် ပေါ်လိုက် ပျောက်လိုက် ။ ယခုကဲ့သို့သော ခံစားချက်မျိုးကို သူမခံစားရတာ၊ သူမေ့မေ့ပျောက်ပျောက် နေနေတာတောင် အတော်ကြာရောပေါ့..။
လေးဖြူရဲ့ စာမျက်နှာ တစ်ဆယ့်ငါး။ မတွေ့ရတာ အတော်ကြာပြီဖြစ်သော သူ့မျက်နှာလေးဟာ ကန်ရေပြင်တွင် ပေါ်လိုက် ပျောက်လိုက် ။ ယခုကဲ့သို့သော ခံစားချက်မျိုးကို သူမခံစားရတာ၊ သူမေ့မေ့ပျောက်ပျောက် နေနေတာတောင် အတော်ကြာရောပေါ့..။
အချိန်က ငယ်သူငယ်ချင်းသုံးယောက် ပြန်ဆုံကြချိန်။ ထိုသုံးယောက်မှာလည်း မတွေ့ကြသည်မှာ နှစ်အတော်ကြာခဲ့ပြီလေ။ ငယ်သူငယ်ချင်းတွေ ပြန်ဆုံကြတော့ ငယ်ဘဝရဲ့ ခံစားမှုတွေဟာ ပြန်လည်ရောက်ရှိလာခဲ့သည်။ ယခု သူ့ဘေးက သူငယ်ချင်းနှစ်ယောက်နှင့် ဖုန်းပြောနေသော သူမ။ ဖုန်းထဲမှ သူမအသံကို သူကောင်းစွာ မှတ်မိနေသည်။ ဟိုးအရင်ကတည်းက သူအရမ်းကို ကြားချင်ခဲ့သော အသံလေး။ ချိုလွင်လှသော သူမအသံကို ယခုအချိန် ပြန်လည်ကြားယောင် မိသောအခါ အဟောင်းတွေ အသစ်ပြန်ဖြစ်လာခဲ့သည်။
လွန်ခဲ့သောဆယ်နှစ်ကပေါ့…။ သူဟာ ယခုကဲ့သို့ မဟုတ်။ သူဟာ အချစ်မှာ ရူးခဲ့ဖူးသလို အချစ်မှာ ယစ်မူးခဲ့ဖူးသည်။ အချစ်ဟာ သူ့အတွက် ဘဝတစ်ခုဖြစ်ခဲ့သည်။ စာသင်ခန်းထဲတွင် အရှေ့ဆုံးခုံရဲ့ ဘေးဆုံးမှာ ထိုင်အမြဲသော သူမရဲ့ ကျောပြင်ကို ငေးစိုက်ကြည့်ရင်း သူမရဲ့ ပုံတူတွေ များစွာဟာ သူ့ဗလာစာအုပ်တွေမှာ နေရာယူ ခဲ့ဖူးသည်။ သူမနဲ့ နီးစပ်နိုင်ဖို့ သူပေးဆပ်ခဲ့သည်မှာလည်း ဒိုင်ယာရီ နှစ်အုပ်ကုန်သည်အထိ နှစ်တွေကြာခဲ့သည်။ အသည်းပုံ ချိုချဉ်လေးများဟာလည်း တစ်ရက်ကို နှစ်လုံး သူမဆီသို့ ပုံမှန်ရောက်အောင် ပို့ခဲ့ဖူးသည်။ သူမ မကျေနပ်တဲ့ အချိန်မှန်သမျှ သူခေါင်းငုံ့ကာ သူမစိတ်တိုင်းကျနေပေးခဲ့ဖူးသည်။ တစ်ရက်နှင့် တစ်ရက် သူမရဲ့ မျက်ဝန်းနှင့် ဆုံဖို့အရေး နည်းလမ်းများစွာဖြင့် ကြိုးစားခဲ့ဖူးသည်။ သူမ မျက်ရည်တစ်စက်ကျတဲ့ အချိန်မှာ နံရံတစ်ခုဟာ သူ့လက်သီးတွေကြောင့် ဓါးစာခံဖြစ်ခဲ့ဖူးသည်။ သူမ နားဆင်နိုင်ဖို့အတွက် ရှိစုမဲ့စု ပိုက်ဆံလေးနှင့် ဂစ်တာသမားတစ်ယောက်ကို ဘီယာနှစ်လုံးတိုက်ကာ သူမအိမ်ရှေ့မှာ ညတွေ ဖြတ်သန်းခဲ့ဖူးသည်။ သူမသည် သူ့ကို အတော်ပင်ဖမ်းစားနိုင်လွန်းခဲ့သည်။ တစ်ရက်နဲ့ တစ်ရက် သူမအပြုံးတွေကို စားသုံးကာ ယစ်မူးခဲ့ရဖူးသည်။ သူမနဲ့ ပတ်သက်ပြီး အနာဂတ်တွေ များစွာကို အိပ်မက်များစွာ မက်ခဲ့ဖူးသည်။
အခုချိန်မှာတော့ သူ့သူငယ်ချင်းနှစ်ယောက် သူမကို ဖုန်းဆက်နေချိန်မှာတောင် သူမဟာ သူနှင့် မဆိုင်ခဲ့သလို။ ဒါပေမယ့် သူ့ရင်ထဲမှာတော့ စာမျက်နှာ တစ်ဆယ့်ငါး ဆိုတဲ့ သီချင်းလေးကို ဆိုငြီးနေမိသည်။ သူမဟာ သူ့ဘဝအတွက်တော့ ပထမဆုံးရည်းစားဦးဖြစ်ခဲ့လို ယခုအချိန်ထိလည်း နောက်ဆုံး ဖြစ်နေဆဲ။ ရှေ့ဆက်ပြီး သူမဟာ ဘယ်အချိန်ထိတိုင်အောင် သူ့အတွက်နောက်ဆုံး ဖြစ်နေဦးမလဲဆိုတာတော့ သူလည်း မသိတော့…။
ယခုတော့ သူဟာ ဂစ်တာတစ်လက်ကို ကိုင်ကာ အချစ်မဲ့စွာ လမ်းများစွာကို တစ်ကိုယ်ထဲ ဖြတ်သန်းလျှက်ရှိသည်။
#အချစ်မဲ့ဂစ်တာ
P.S ညီမတော် ပန်းခင်းလေး tag တဲ့ အချစ်အကြောင်းကို ပြန်လည်တူးဆွ မိသလောက် ရေးမိပါသည်။ ညီမတော်ရေ.. ဒီလောက်ဆို ကျေနပ်တော့နော်…။
No comments:
Post a Comment