Saturday, March 2, 2019

ပန်းအကြွေ



ပန်းတစ်ပွင့်လေ ...
သူ့ကိုယ်သူ ဝေဆာ
သူ့ကိုယ်သူ စေတနာ ...

ပန်းတစ်ပွင့်လေ ....
သူ့ကိုယ်သူ သံသရာ ...
သူ့ကိုယ်သူ ဝေဖြာ ....

ပန်းတစ်ပွင့် ...
ပန်းလေး တစ်ပွင့်ပေါ့ ...
မင့်ပွင့်ဝေမှုက
မင်းကိုပြန် အဆိပ်ခတ် ...

မင့် လန်းဆန်းမှုက
မင်းကိုပြန် ဒဏ်ခတ် ...

မင်းနှလုံးသားနဲ့ မင်းပွင့်ခဲ့
ရနံ့ကွယ်ပျောက်
ရိုးတံခြောက် ...

ပျား ပိတုန်း တွေဝဲ
ရမ္မက် နံ့တွေထဲမှာ
တစ်ချက် အငိုက်
မင့် စရိုက်နဲ့ ...

ခုတော့ ...

မင်းကိုယ်မင်း ပြန်ခြွေချရတော့မယ် ...။

အချစ်မဲ့ဂစ်တာ