Monday, October 5, 2020

သို့ ... ပန်းသဇင်


မိန်းကလေးရေ ...


မင်းကတော့ တခြားနေရာတွေမှာ တခြားသူတွေကို အားပေးလို့ နှစ်သိမ့်လို့ ချစ်ခြင်းမေတ္တာတွေ ပေးလို့ပေါ့လေ ...


ကိုယ့်မှာတော့ မင်းမရှိတဲ့ ကိုယ့်နေရာလေးမှာ 

အတွေးတွေ

ခံစားမှုတွေ

လွမ်းဆွတ်မှုတွေနဲ့

ချစ်ခြင်းမေတ္တာတွေကို ထာဝရ သိမ်းဆည်းရင်းနဲ့ပေါ့ ...။


မင်းသိချင်မှ သိပါတော့မယ် ...

မင်းမရှိတဲ့ ကိုယ့်ဘဝရဲ့ကမ္ဘာဆိုတာမှာ ပျော်ချင်ယောင်ဆောင်နေရတာပါပဲ ...။


မိန်းကလေးရေ ...

ဟိုးအတိတ်နဲ့ ပတ်သက်တဲ့ အတွေးတွေကို နှင်ထုတ်လိုက်ပါ ...

ကြုံခဲ့ရတဲ့ အဆိုးတွေဟာ အကောင်းတွေဖြစ်ဖို့ဆိုတာ ရင်ထဲမှာ သိမ်းထားပါ ...

ကိုယ့်တစ်ယောက်ထဲမှာပဲ အဆိုးတွေကြုံနေရတယ်ဆိုတာ မဟုတ်သလို ပျော်ရွှင်မှုများစွာဟာ မင်းရှေ့မှာ စောင့်နေကြတယ်ဆိုတာ သတိရပေးပါ ...။


ခုဆိုရင် ဟေမန်ဆောင်းကို မကြာခင်ရောက်တော့မယ်လေ...။

အားတင်းပြီးသာ ပွင့်လိုက်ပါတော့လား ဖူးနေလေသော #ကိုယ့်ရဲ့သဇင်ပန်းလေး ရေ...။

ဘာပဲ ဖြစ်ဖြစ် မင်းပျော်ရွှင်ပါစေ။


#အချစ်မဲ့ဂစ်တာ

၁:၅၃ နံနက် 

၅ ရက် အောက်တိုဘာ ၂၀၂၀။