Thursday, March 12, 2015

ညရဲ့ ကဗျာ

 


ပေါင်တိုလေးတွေ ရှိတယ် ..
ဂျိုင်းပြတ်လေးတွေ ရှိတယ် ... 
နီဆတ်ဆတ် လူထွားကြီးတွေ ရှိတယ် ...
ဖြူသွယ်သွယ် ခန္ဓာလေးတွေလဲ ရှိတယ် ...။

ရယ်မောသံတွေ ရှိတယ် .. 
ရိုက်ခွဲသံတွေ ရှိတယ် ... 
ပေါက်ကွဲသံတွေလဲ ရှိတယ် ...။

ဘရာကြော်သည် ရှိတယ် ...
လက်ဖက်စုံသည် ရှိတယ် ... 
ညှော်နံ့တွေလဲ ရှိသေးတယ် .. ။

ကိုခိုင်ထူးကြီး ရှိတယ် .... 
စောဖိုးခွားလဲ ရောက်တယ် ... 
အဝေးဆုံး အဝေးဆုံး ဆိုတဲ့ အသံ ပြာပြာကြီးကိုလဲ 
ကြားနေရတယ် ... ။

အမှောင်ထု အောက်မှာ 
မာကြူရီမီးရောင်က 
အတိတ်ကို သတိရစေတယ် ... ။ ။