Sunday, December 1, 2019

ငှက်




အလို...
မင်းတို့က အမြင့်ကို ပျံတယ် .......

အလို....
မင်းတို့က အဝေးကို ပြန်တယ်ပေါ့ .........

ပျံနိုင်ရင်လဲ ဟိုးအဆုံးထိ ပျံ.......
သွားနိုင်ရင်လဲ ဟိုးအဆုံးထိသွားကွာ .......

ငါ့ဘဝကို ငါမပြောတော့ဘူး..
ထားရာနေ
စေရာသွား
ပေးတာယူ
ကျွေးတာစား

အချိန်တန်တော့....
ကိုယ်ပိုက်ထဲ ကိုယ်ပြန်ဝင်
ကိုယ့်ဘဝ ကိုယ်ပြန်တိုး

နောက်ဆုံတော့
ငါဟာ.................
လှောင်အိမ်ထဲက ငှက်.......။

#အချစ်မဲ့ဂစ်တာ

ဒီဇင်ဘာ



အော် ဒီဇင်ဘာတောင် ရောက်ခဲ့ပြန်ပေါ့
ကိုယ်လွမ်းမိနေတယ်
ဒီဆောင်း တစ်ညကို
မင်းမှတ်မိပါ့မလား။

#အချစ်မဲ့ဂစ်တာ