အချစ်မဲ့ဂစ်တာ
အတွေးများနဲ့ ဒိုင်ယာရီ
Thursday, May 14, 2020
စေညွှန်ရာ
မျက်နှာကျက်က ကိုယ့်စိတ်ကို ဆွဲခွာဖို့ကြိုးစားတုန်း
မင်းရဲ့စိတ်ဟာ ရင်ဘတ်မှာ လာကပ်တယ်
အရက်တစ်ခွက် အလွမ်းတစ်ဝက်နဲ့
သံတိုင်ကြားက ပိုးဖလံ။
#အချစ်မဲ့ဂစ်တာ
12:30 AM
14.5.2020
Monday, May 11, 2020
အလင်းရောင်
နာရီစက္ကန့်တွေ ရွေ့လျားလာနေတယ်
အချက်ပြမီးနီလေးဟာ မှိတ်တုတ်မှိတ်တုတ် . . .
တိတ်ဆိတ် အေးစက်လွန်းတဲ့ည တစ်ခုဟာ
လမင်းကြီးလို အထီးကျန်တယ်လို့ ကိုယ် မပြောချင်ပါဘူး
ကိုယ်ပိုင်မဟုတ်ပေမယ့် ရှိသလောက် အလင်းရောင်လေးတွေတော့
သူ့လို ပြန်ထုတ်ပေးချင်မိတယ်
လိုအပ်နေမယ့် သူတွေ အတွက်ပေါ့ . . .။
#အချစ်မဲ့ဂစ်တာ
11/5/2020
12:09 AM
Sunday, December 1, 2019
ငှက်
အလို...
မင်းတို့က အမြင့်ကို ပျံတယ် .......
အလို....
မင်းတို့က အဝေးကို ပြန်တယ်ပေါ့ .........
ပျံနိုင်ရင်လဲ ဟိုးအဆုံးထိ ပျံ.......
သွားနိုင်ရင်လဲ ဟိုးအဆုံးထိသွားကွာ .......
ငါ့ဘဝကို ငါမပြောတော့ဘူး..
ထားရာနေ
စေရာသွား
ပေးတာယူ
ကျွေးတာစား
အချိန်တန်တော့....
ကိုယ်ပိုက်ထဲ ကိုယ်ပြန်ဝင်
ကိုယ့်ဘဝ ကိုယ်ပြန်တိုး
နောက်ဆုံတော့
ငါဟာ.................
လှောင်အိမ်ထဲက ငှက်.......။
#အချစ်မဲ့ဂစ်တာ
ဒီဇင်ဘာ
အော် ဒီဇင်ဘာတောင် ရောက်ခဲ့ပြန်ပေါ့
ကိုယ်လွမ်းမိနေတယ်
ဒီဆောင်း တစ်ညကို
မင်းမှတ်မိပါ့မလား။
#အချစ်မဲ့ဂစ်တာ
Tuesday, April 30, 2019
အလင်းရောင်
မင်းဟာ
ကိုယ့်ဘဝရဲ့ အလင်းရောင်...။
ကိုယ် ဖြစ်ချင်တာတွေ
ကိုယ် ရချင်တာတွေ
ကိုယ် တွေးထားသမျှတွေကော
အားလုံး အားလုံးဟာ
မင်းနဲ့ ပတ်သက်ပြီးတော့ပေါ့ ...။
မင်းရဲ့ စိတ်ဓါတ်
မင်းရဲ့ ခံယူချက်နဲ့
မင်းရဲ့ အတ္တတွေကိုလဲ ကိုယ်သိထားပြန်တယ် ...။
မင်းဟာ လေယူရာယိမ်းတဲ့ နတ်သမီး
မိုးရွာတာကို ကြောက်တဲ့ သခင်မ
နှလုံးသားတွေကို အဆိပ်ခတ်သတ်တဲ့ စုန်းမ
တစ်ချိန်မှာ ...
မင်း မရှိလဲ ကိုယ့်ဘဝ နေတတ်အောင် နေမယ် စိတ်ကူးဖူးတယ်...။
ဟိုးတုန်းကလဲ နေတတ်အောင် နေကြည့်ခဲ့ဖူးတယ်။
ခုလဲ နေတတ်အောင် နေကြည့်နေတယ်။
နောင်လဲပဲ ...။
ဟူး... ။
မလွယ်ဘူး
မလွယ်ပါဘူးလေ ...
မင်းမရှိတာနဲ့ပဲ
ကိုယ်တကယ်ကို မနေတတ်တော့တာ...
ဘဝရဲ့ ပူလောင်ခြောက်ကပ်မှုတွေနဲ့ အိပ်မရညတွေများစွာပါပဲ...။
ဒါတွေ မင်းသိပါလေစ ...။
#
အချစ်မဲ့ဂစ်တာ
30.04.2019
12:47 am
Ps: လခွမ်း ခုထိ မီးပြန်မလာသေးဘူးဟ ...
😂
😂
😂
Photo credit :
https://flexistaffuk.com/boost-health-working-night-shift/
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)