ဆိုက်ကားသမားတစ်ယောက် မန္တလေးမှာ ဆိုက်ကားနင်းရင်းနဲ့ ဦးဇင်းတစ်ပါးက သူ့ဆိုက်ကားကို တားသတဲ့။ မန္တလေးမြို့ဟာ ဘုန်းကြီးမြို့တော်ကြီးတစ်ခုလိုဖြစ်နေတော့ လိုက်ပို့ပြီးမှ ငှားစီးတဲ့ ဦးဇင်းက ဆိုက်ကားခမပေးမှာကို ဆိုက်ကားသမားက စိုးရိမ်မိတယ်။ ခံခဲ့ရတာတွေလည်း များနေပြီကိုး။ ဒါနဲ့ ဆိုက်ကားသမားက ဦးဇင်းကို
“ အရှင်ဘုရား ဘယ်ကြွမလဲဘုရား”
လို့မေးတယ်။ ဦးဇင်းက
“ ဘုရားကြီးဘက် သွားမယ်”
လို့ မိန့်သတဲ့။ ဒါနဲ့ ဆိုက်ကားသမားက
“ အရှင်ဘုရား ဘုရားကြီးဘက်ကို ဆိုရင် ဆိုက်ကားခက.. ”
ဆက်ပြောမယ်လုပ်တုန်းမှာပဲ ဦးဇင်းက
“ လိုက်မှာသာလိုက်ခဲ့ပါ ဒကာ၊ ဒကာမနာစေရပါဘူး”
ဆိုတော့ ဆိုက်ကားသမားလည်း စိတ်ချလက်ချနဲ့ ဘုရားကြီးဘက်ကို နင်းသွားသတဲ့။ နောက်ဆုံး ဘုရားကြီးကိုလည်း ရောက်ရော ဦးဇင်းဟာ ဆိုက်ကားပေါ်ကနေ ဘာမှမပြောပဲ ဆင်းသွားတယ်။ အဲဒီအချိန်မှာ ဆိုက်ကားသမားက
“ အရှင်ဘုရား၊ ဆိုက်ကားခလေး ဘုရား”
လို့ဆိုတော့ ဦးဇင်းက
“ ဒကာ မနာစေရဘူးလို့ ပြောထားတယ်မဟုတ်လား၊ ဘာလဲ ဒကာက နာချင်လို့လား”
အချစ်မဲ့ဂစ်တာ
No comments:
Post a Comment